“အဝလွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း”
27-Feb-2017
အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး ကြီးလာသော အမျိုးသမီးများ အတွက် ပထမဦးစွာ
ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက် ၉ ရွက် စီထည့်ပေး ပါ။ ရေကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျှက် နေပူတွင် ကိုးရက် လှန်းပေးပါ။
ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင် ပါပြီ။ နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည် ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။တစ်လ နှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။
အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံး အဆီပိတ်ခြင်းတို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဝင်ရောက်နိုင် ။လေငန်းရောဂါ ရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ တို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံးပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်းစေသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Myawady News
အေးချမ်းမွန် Credit To >April Maung Maung
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
